Tuesday, January 27, 2009

မဲပြာပုဆိုးများ လွယ်မှတ်လို့

တခါလာ မဲပြာပုဆိုးတွေချည်းပဲလို့
ယောဆရာကဆိုသဗျာ
ဒီအသံကြားတော့
ကိုယ်လည်း ကြောက်ပြာပြာဖြစ်လာ။
သူများပြောလို့ ပြာသည်လား
ကိုယ့်ဖာသာ နဂိုထဲက ပြာပြီးသားလားဆိုတာတော့
မသေချာ
ဒါလည်း ညှာညှာတာတာပြောတာပဲဖြစ်မှာ။
ဒါပေမယ့်ဗျာ
ကမ္ဘာကြီးကိုက မဲပြာပုဆိုးဖြစ်နေတာ
ကျနော်က ဘာများမို့လို့ ဒါကိုပြောင်းနိုင်မှာ
ပြောတဲ့ ယောဆရာ
မညှာမတာ ပြောရက်လိုက်လေတာ။
နုစဉ်ကတော့ ကမ္ဘာကို ခါးစောင်းတင်ပစ်ခဲ့ချင်တာ
ရင့်လာ ရင့်လာ ရင့်လာ …
ခါးနာ ခါးနာ ခါးနာ …
ကမ္ဘာကြီးဟာ ဆူးတွေနဲ့ဗျာ။
ကျနော့်အမေသာ ကန်းဆတ်စ်မှာမွေး
ကျနော့်အဖေက ကင်ညာမှာမွေး
ကျနော်က အမေရိကားမှာ မွေး
ဒီလိုသာဆို ကျနော်လည်း …
“Yes, We Can”, “Change is coming to Burmese Exile”
ဟားဟားဟား … ဟားဟားဟား …

No comments:

Post a Comment