Tuesday, January 6, 2009

မှန်ကူကွက် ဘယ်သို့ ဘယ်ပုံ

အင်မတန်နီးစပ်ပြီး ချစ်ခင်ရတဲ့ သူငယ်ချင်းတယောက်ရှိတယ်။ သူလည်း ထင်ရှားတဲ့ ဘလော်ဂါတယောက် ဖြစ်နေပါပြီ။ ကဗျာရေး စာရေးကလည်း အင်မတန်ကောင်းတဲ့သူတယောက်ပေါ့။
အခုတော့ သူက တနေရာ ကိုယ်က တနေရာပါ။ တယောက်နဲ့တယောက်လဲ မေ့လောက်မှတခါ ဆိုတာလို အဆက်အသွယ်လုပ်ဖြစ်တယ်။ ဒါပေမယ့် အင်မတန် နီးစပ်စဲ၊ ချစ်ခင်ဆဲပါပဲ။
သူနဲ့ ကိုယ်က အိပ်မက်တချို့ တူတယ်လို့လည်းထင်တာပဲ။ အဲဒီအိပ်မက်တွေထဲမှာ အခု "မှန်ကူကွက်" လည်း ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက မက်ခဲ့ကြီး ခုချိန်ထိ အကောင်အထည်မဖြစ်သေးတဲ့ အိပ်မက်ပေါ့။ ဂျာနယ် မဂ`ဂဇင်းတခု လုပ်ကြဖို့ပါ။ အကြိမ် ကြိမ် တိုင်ပင်ခဲ့ကြဖူး၊ အများကြီး စိတ်ကူးအတွေးတွေ ဖလှယ်ခဲ့ကြဖူး၊ လုပ်ကြမယ်၊ လုပ်တော့မယ်၊ လုပ်ပြီဟေ့လို့ အကြိမ်ကြိမ်ေ`ကြွး ကျော်ခဲ့ကြဖူးပြီး ခုထိမဖြစ်သေးတဲ့ အိပ်မက်ပါ။
ကိုယ်ကလည်း နာမည်အမျိုးမျိုးနဲ့ ဘလော့ဂ်တွေ လုပ်ခဲ့ဖူးတယ်။ ဒီ ဖေဇော်ဂျီ နှိပ်စက်တာနဲ့ပဲ တခုမှ အဆင်ပြေပြေ မဖြစ်ခဲ့ဘူး။ အခု ညီတော်မောင်အကူအညီနဲ့ ဘလော့ဂ်လုပ်မယ်ဆိုတော့ ချက်ခြင်းပဲ ဒီနာမည်ကို ရွေးဖြစ်လိုက်တယ်။ သူငယ်ချင်းနဲ့ အတူတူရွေးခဲ့ဖူးတဲ့နာမည်ပါ။ ဒီနာမည်ကို သူလည်းပိုင်ပါတယ်။ သူကတောင် ပိုပိုင်မလားပဲ။
ဒီနာမည်နဲ့ ဘလော့ဂ်လုပ်တာကို သူက စိတ်မဆိုးလောက်ဘူး ထင်ပါရဲ့။ ဆိုးရင်တော့လည်း မူပိုင်ခွင့်အမှုအခင်း တွေ ဘာတွေများ ဖြစ်မလားပဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ၊ ကိုယ်ကတော့ ဘလော့ဂ်အရသာ အတော်တွေ့နေပြီ။
ရုန်းထွက်မရတော့ဘူးကွယ် ...

1 comment:

  1. ယုံယုံကြည်ကြည်လုပ်စမ်းပါ။ ဒီလူအချင်းချင်း နောက်လှည့်ကြည့်ပြီး ညှိစရာလိုလို့လား။ သူငယ်ချင်းရှေ့ကသွားရင် ကိုယ်နောက်ကလိုက်မှာပေါ့။ အိပ်မက်တချို့တူတယ်လို့လည်း ထင်တာပဲ မလုပ်နဲ့လေ။
    ဘာပဲဖြစ်ဖြစ် ဒီဘလော့လေးကို မကြာမကြာလာပြီး ရင်ခုန်သံညှိနေမိမှာပါ သူငယ်ချင်း။

    ReplyDelete