ဒီကနေ့ မေ့ (ကိုယ်တို့မောင်နှမတွေအားလုံးက အမေကို “မေ”၊ အဖေကို “ဖေ” ဆိုပြီး တလုံးစီပဲခေါ်ကြတယ်။) ဆီက စာတစောင်ရတယ်။ စာအိတ်နဲ့၊ တံဆိပ်ခေါင်းနဲ့၊ စာတိုက်က လာတာတော့မဟုတ်ဘူး။ တသက်လုံး ဘယ်လိုမှ မေ့လို့ရစရာမရှိတဲ့ လက်ရေးနဲ့ စာရွက်ပေါ် မှာရေးထားတာကို Scan ဖတ်ပြီး ဦးလေးတယောက်က email နဲ့ ပို့ပေးလိုက်တာ။
မိုင်ပေါင်း သောင်းနဲ့ချီဝေးတဲ့နေရာကနေလာတဲ့ စာ၊ ရေးတဲ့လူက မွေးမိခင်ကိုယ်တိုင်၊ ဒါတွေနဲ့တင်ပဲ စာလေးတစောင်ရဲ့ ထပ်ဆောင်းတန်ဖိုးတွေက အနှိုင်းအဆမဲ့လေရဲ့။
အော် … ကိုယ်ကမှ မိုင်သောင်းချီဝေးနေပေမယ့် မွေးမိခင်ရဲ့လက်ရေးနဲ့စာကို ဖတ်ခွင့်ရနေပါ သေးတယ်။ စာရေးမယ့် မွေးမိခင် မရှိတော့တဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ ရှိနေသေးပေမယ့် ဖတ်ခွင့်မရကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ လူချင်းတွေ့ဖို့နေနေသာသာ ကိုယ့်လို ဖုန်းလေးနဲ့ တောင် စကားပြောခွင့်မရကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ သူတို့တွေ သူတို့တွေအကြောင်း တွေးမိတော့ … ကိုယ့်ရဲ့အလွမ်းစိတ်အတွက် ဖြေသာစရာတွေပါလေ …
Wednesday, January 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment