Sunday, May 17, 2009

“ပြန်ကြည့် သို့မဟုတ် မှန် (၁)”

ဘ၀ဆိုတာ
တိုတိုကလေးတဲ့
နေ့တဓူဝကိစ္စတွေလား
သင် … သင် …
မြန်မြန်သာသင်လိုက် …

ဘာလုပ်မလဲ
ဒေါသတွေ
မောဟတွေ
မာန်မာနတွေ
…… တွေ
…… တွေ
…… တွေ

တနေ့တနေ့
မျက်စိတမှိတ်
လျှပ်တပျက် …

ဘယ်သူ့အတွက်လဲ
ဘာအတွက်လဲ …
လောကကြီးအတွက်လား
နိုင်ငံအတွက်လား
မိသားစုအတွက်လား
ကိုယ့်အတွက်လား၊

တခုခု …
လျှော့ … လျှော့ … လျှော့ …
လုပ်နိုင်တာတွေး …
လုပ်နိုင်သလောက်တွေး …
လုပ်နိုင်တာလုပ် …
လုပ်နိုင်သလောက်လုပ် …

ကျေနပ်ဖို့အတွက်
နေတတ်ဖို့လိုတယ်၊
နေတတ်ဖို့အတွက်
စိတ်ရှင်းဖို့လိုတယ်၊
စိတ်ရှင်းဖို့အတွက်
အတွေးရှင်းဖို့လိုတယ်။

အတွေးရှင်းမှ
အလုပ်ရှင်းမယ် …
အလုပ်ရှင်းမှ
အောင်မြင်ပြီးမြောက်မယ် …
အောင်မြင်ပြီးမြောက်မှ
လုပ်ရကျိုးနပ်မယ် …
လုပ်ရကျိုးနပ်မှ
ဘ၀အရသာ ပီပြင်မယ် …

ဘ၀ဆိုတာ
တိုတိုလေးတဲ့ … ။ ။

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလက ရေးခဲ့တဲ့ကဗျာလေးပါ။ ခေတ်ပြိုင်အွန်လိုင်းမှာ ဖော်ပြခံခဲ့ရဖူးပါတယ်။ အဟောင်းတွေပြန်မွှေရင်းနဲ့ တွေ့လို့ တင်ထားလိုက်တာပါ။ ကိုယ့်ကိုယ်ကို ဆုံးမထားခဲ့ပုံရပါတယ်။

1 comment:

  1. ကျေနပ်စွာ နေတတ်ဖို့က အဓိကပါ။ ဒါမှ စိတ်ချမ်းသာတာ။ လိုချင်တာတွေ သိပ်များရင် ပူလောင်တယ်။ လျော့လိုက်လျော့လိုက်
    သက်သာသွားလိမ့်မယ်။

    ဖြူဖြူ

    ReplyDelete